တကယ်တော့ အခုလိုပြောရခြင်းက အရပ်ပြောစကားတွေကို ယုံထင်ကြောင်ထင် အခြေမြစ်မရှိ မြောက်ထိုးပင်က်ာလုပ်နေ ကြတာတွေကို အဟုတ်အမှန်ထင်မှတ်နေကြတဲ့ ကိုယ်တော်တွေ ညီတော်တွေကိုသတိရှိစေချင်လို့ပါ။ အမျိုးသားအများစုက လိင်အင်္ဂါဖွံဖြိုးမှုနှင့်ပတ် သက်ပြီးအားမလို အားမရကြတဲ့လူတွေများပါတယ် တကယ်ဆို လူတစ်ဦးတစ်ယောက်ရဲ့ဖွဲ့စည်းပုံက မတူညီကြပါဘူး … အားလုံးလည်းသိနေကြတာပါပဲ အသိတရားမှာဥာဏ်အသိမပါရင် အလိုကြီးအရနည်း ဒုက္ခရောက်ကြရတယ်။ လိင်င်္ဂါကြီးထွားဆေးဆိုတာ လက်တွေ့မှာ စီးပွားရေး လှည့်ကွက်တစ်သက်သက်ပါ … စီးပွားရေးသမားတွေက ဒါကိုအကွက်ကျကျသိထား ပြီးသားမို့ နည်းနည်းလေးတွန်းအားပေးလိုက်ရင် အများကြီးရပေါက်ရှိတယ်လေ … သူတို့ကိုင်ထားကြတဲ့အချက်ကလည်း အမျိုးသာများ အများစုစိုးရိမ်နေကြတဲ့အချက်ဖြစ်နေကြတယ်လေ ယခုအပြင်မှာဝယ်လို့ရနေတဲ့ ကြီးထွားဆေးတွေ ဆိုတာရာနှုန်းပြည့်အားကိုးလို့မရပါဘူး … နိုင်ငံတကာကဆေးဘက်ဆိုင်ရာပညာရှင်တွေက လည်းသေခြာ ဖွင့်ဟပြောဆိုထားပြီးပြီ … လိင်အင်္ဂါကြီးထွားစေခြင်းကုထုံးက ထင်ထားသည် ထက်ခရီးမရောက်ခဲ့ဘူးလို့ ဝန်ခံထားတယ်
ကုလို့ရခဲ့တယ်လိုတဲ့ဝေဒါနာရှင်တွေအတွက်လည်း ရလဒ်ကတစ်လက်မ သာသာလေးပဲ ပိုရှည်ခဲ့တာပါ ဒါကတရာဝင်ကုထုံးပါ … သောက်ဆေးတွေစားဆေးတွေဆိုတာကလည်း သွေးလှည်ပတ်ရောက်ရှိမှုကောင်းအောင်စီစဉ်ပေး တဲ့ဓာတ်စာတစ်ခုပါပဲ သွေးလည်ပတ်မှုကောင်းတော့ သုံးစွဲပြီးတဲ့အခါမှာ ထွားလာတလို ရှည်လာတလိုထင်ရတာပါ လိင်အင်္ဂါထွားတာကြီးတာက လူမျိုးစုအလိုက် ဖွဲ့စည်းပုံအရ ရှိထားပြီးသားပါ … လူတစ်ဦးချင်းစီရဲ့ဖွဲ့စည်းပုံလည်းမတူညီကြပါဘူး … စံနှုန်းတစ်ခုအနေနဲ့ပြောရမယ်ဆို တင်မာနေတဲ့ လိင်တံ၎လက်မ အရှည်ရှိတယ်ဆိုရင် ဒါက ပုံမှန် အနေနအထားပဲဖြစ်ပါတယ် ၄လက်မအောက်ပမာဏကိုသာ လိုအပ်ချက်ရှိနေ တယ်လို့သတ်မှတ်ထားတာပါ … ၄လက်မအောက်ဖြစ်နေလို့ ကုသဖို့လိုတယ်ဆိုလည်း ဆရာဝန်တွေနဲ့ကုသစေချင်တယ် ကံကောင်းရင်တော့၁လက်မနီးနီး ပိုခွင့်ရမှာပါ … အရပ်ထဲကအခြေအမြစ်မရှိဆေးမှီးတိုတွေကို အားမကိုးကြပါနဲ့ အလိုကြီးအရနည်းဖြစ်တတ်ပါတယ် … အပြင်မှာလွယ်လွယ်နဲ့ရနေတဲ့လိင်အင်္ဂါထိုးဆေး တွေကစီးပွားရေးလှည့်ကွက်ပါ … ဆေးထိုးလိုက်တော့ ရောင်ကိုင်းပြီးဖြစ်လာတယ် ဆိုးတာက ပိုပြီးရောက်ရမ်းလာတော့ ဆီးသွားစေတဲ့ လမ်းကြောင်းကိုပိတ်ဆို့သွားစေတယ် … ဆီတွေအသားထဲထိုးထားရင် အေးခဲလာတဲ့အခါမှာ ဆီးလမ်းကြောင်းကို ဒုက္ခပေးလာမှာပါ … ဘေးကင်းစွာကြီးထွားအောင်ထိုးလို့ရတဲ့ဆေးမရှိဘူး လားလို့မေးရင် မရှိဘူးလို့ပဲဖြေပါရစေ …
ဆေးပညာပိုင်းကအသိအလင်းပြောထားပြီးသားပါ ခွဲစိတ်ကုသရင်တောက် ၁လက်မဝန်းကျင်ပဲ ပိုရမှာပါ ထိုးဆေးတွေကြောင့် ကြွက်သားရောင်ယမ်းပြီး ဆီး လမ်းကြောင်းပတ်တာပဲအဖတ်တင်မှာပါ ဒီလိုဖြစ်ခဲ့ ရင်တော့ ပြန်ကုသရတဲ့အတွက် ကြီးထွားရောင်ကိုင်းတဲ့အပိုင်း ကိုပြန်ပြီးခြစ်ထုပ်ဖယ်ထုပ်ရပါလိမ့်မယ် အလိုကြီးပြီး အရနည်းတယ်ဆိုတာ ဒါကိုဆိုလိုတာပါ … မူလရှိ တာလေးလည်းပြန်ပါသွားမှ ပိုခက်မယ် … ပုံမှန်အရွယ်အစား ၄လက်မ ဆိုတာ … ====================== ဘာဖြစ်လို့ ၄လက်မကိုပုံမှန်လို့ ဆေးဘက်ဆိုင်ရာက အတည်ပြုပေးလဲဆိုတာ ကျွန်တော်ရှုထောင့်မျိုးစုံက ရှင်းပြပေးပါ့မယ် … ဥပမာ သင်က မိန်းကလေးတစ်ယောက်နဲ့ လိင်ကိစ္စရှိ နေမယ်ဆိုပါတော့ မိန်းကလေးရဲ့အာရုံခံစားမှုတွေကအတွင်းဘက်မှာရှိတာမဟုတ်ပါဘူး … G-sport လိုလူသိများတဲ့ အာရုံခံစနစ် ======================
G-sport က အမျိုးသမီးအင်္ဂါအဝကနေ နှစ်ညိုးနှစ် ဆင့်သာသာလေးမှာတည်ရှိနေတာပါ … ဂလိုင်အတွင်းဘက်မှာ အာရုံခံစားချက်မရှိဘူးလိုဆို ထားပါတယ် … တချို့ က စောဒကသက်ပြီး အထဲဆုံးမှာ A-sport ဆိုတဲ့ အာရုံခံစနစ်ရှိတယ်လို့ စောတကတက်တယ် ဆေးဘက်ပညာရှင်တွေက သူတို့ပြောတဲ့ A-sport ကို အတည်ပြုပေးဖို့ အစအနတောင်မတွေ့ခဲ့ဘူး … အမျိုးသမီးအင်္ဂါရဲ့အတွင်းပိုင်းကိုရောက်လေလေ ကျန်းမာရေးအတွက်စိုးရိမ်ကလေပါ … ဒါကိုသတိပြုကြပါအမျိုးသမီးတွေရဲ့ အာရုံခံစားလို့ရ တဲ့ ဧရိယာကလည်း၅လက်မထက်မပိုပါဘူး … သင့်အနေနဲ့ ၄လက်မဆိုတာ နေရာတော်တော်များ များကို ထိတွေ့မှုရှိနေစေပြီးသားပါ ဒီထက်ပိုရင် အမျိုးသမီးတွေအတွက် နာကြင်မှုတွေ ဖြစ်လာရမှာပါ … အတွင်းနမှာ ပိတ်ထားတဲ့သားအိမ် ခေါင်းပဲကျန်ရှိနေတာပါ … အမျိုးသမီးတွေရဲ့အာရုံခံစနစ်က အပြင်ဘက်မှာရှိနေ တဲ့ အကြောထုံးနှင့် ရေမြုပ်အိပ်အတွင်ရှိတဲ့ လက်နှစ် ဆက်သာသာလောက်အဝင်ဝမှာရှိတဲ့ G-sport ပါ ဒီလောက်ဆို ဆင်ခြင်လို့ရပါပြီ … ဒီထက်နက်ရှိုင်း သွားမယ်ဆို ကိုယ့်ချစ်သူကိုယ့်အဖော်ကို မသာယာ စေဘဲနာကြင်မှု ဝေဒနာကိုပေးနေပါလိမ့်မယ် … သတိရှိပါ … တချို့ က အကြံပက်စက်တယ် ဂေါ်လီလည်းထည့် ထားကြတာ တကယ့်ကို အတ္တဆန်လွန်းတဲ့အပြင် မွန်မြတ်တဲ့ယောကျာ်းကောင်းတစ်ယောက်ရဲ့လုပ် ရပ်မဟုတ်ဘူး ကိုယ်သာရင်ပြီးရော တစ်ဘက်သူအတွက်အလေး ထားစရာမလိုတဲ့ တစ်ကိုယ်ကောင်းသမားပဲဖြစ်နေမှာ ပါ … ဆက်ပြီးဆွေးနွေးပါ့မယ် ဘက်ပေါင်းစုံကနေဆွေး နွေးမှာပါ … ၄လက်မက စံချိန်မှီတယ်ဆိုတာ သိပြီဆိုတော့ ၄လက်မ အောက်တွေအတွက် ပြောမယ် … ချစ်သူကကိုယ့်ကိုချစ်တာ အင်္ဂါကြီးတာငယ်တာနဲ့ မသက်ဆိုင်ပါဘူး … ကိုယ့်ရဲ့နားလည်ပေးတတ်မှုနှင့် ဂရုစိုက်ပြီးအလေးထားပေးတတ်ခြင်းမှာပဲ မူတည် တယ် … ၄လက်မအောက်တွေအတွက် ကုဖို့ဆေးဝါးမရှိဘူး လားဆိုတော့
အထက်မှာကျွန်တော်ပြောတလို… ဆရာဝန်နဲ့တိုင်ပင်ရမှာပါ … ကျွန်တော်ဖတ်ရဖူးတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဆွေးနွေးချက်မှာ အသက်၁၂အောက်အရွယ်တွေပဲထိုးလို့ရတဲ့ လိင်အင်္ဂါထွားဆေးအကြောင်းရေးထားတာတွေ့ခဲ့ရတယ် … ဒါပေမယ့် ဒီဆေးကို ဆရာဝန်ကြီးတွေရဲ့ညွှန်ကြား ချက်နဲ့ ၁၂နှစ်အောက် သားလေးကိုထိုးပေးခဲ့တာပါ အဆင်ပြေတယ်လို့ သိရတယ် သို့ပေမယ့် ယခုဒီဆေးကို ဝယ်လို့မရတော့ဘူး ဆေးကိုလူတွေရဲ့ဟိုမုန်းတစ်မျိုးနှင့် ပြုလုပ်ထားတဲ့ အတွက် ပိတ်ပင်ထားလိုက်ပြီလို့လည်းဖော်ပြပေး ထားတယ် … ကျွန်တော်ဆိုလိုချင်တာက ထိုးဆေးတွေကိုလည်း ယုံကြည်လို့မရဘူး စားဆေးတွေကလည်း လက်တွေ့ မှာကသွေးလည်ပတ်မှုကောင်းခြင်းမှတပါး ဘာမှ မကြီးထွားစေဘူး … ဈေးကြီးပေးဝယ်မနေပါနဲ့ ကိုယ်တိုင်နေ့စဉ် စားသောက်နေကြအထဲမှာ သွေးအားကောင်းစေတဲ့ အစာအဟာရတွေအများကြီးပါ … သာမှန်သွေးဆေးလေးသောက်သုံးနေရင်လည်း သွေးလည်ပတ်မှုကအဆင်ပြေနိုင်စွမ်းပါတယ် ဖီးကြမ်းနှစ်လုံး ပျားရည်တစ်ဇွန်း ကြက်ဥပြုပ်ကိုစက် ထဲထည့်မွေပြီး မနက်ပိုင်းအဟာရအဖြင့်ပေါင်မုန့်နဲ့ ပဲစားကြည့်ပါ ယူလို့မကုန်ဘူး … စီးပွားရေးသမားတွေရဲ့လှည့်ကွက်ထဲ တိုင်ပတ်မနေပါနဲ့ကျွန်တော်ဆွေးနွေးချက်က မပြီးသေးဘူး … အဖက်ဖက်ကနေစုံအောင်ပြောမယ် … လိင်တူစုံတွဲတွေအတွက်၎လက်မက အဆင်ပြေပါ့ မလား မေးချင်ကြမှာပဲ … မမေးလည်း ကျွန်တော်ဖြေမယ် … G-sport ဆိုတာမိန်းကလေးမှာပဲရှိတာ မဟုတ်ပါဘူး ယောက်ျားလေးတွေရဲ့ လိင်တံမှာအမြင့်ဆုံးခံစားမှု ကိုဖြစ်စေတဲ့အာရုံခံစနစ်ရှိနေတလို သွယ်ဝိုက်တဲ့ ထိတွေ့ခြင်းနှင့်အတူ ကာလရေကြည် ဂရင်းအိပ် လေးကိုထိမိတာများသွားရင်လည်း ကိစ္စပြီးနိုင်တယ်
ကာလရေကြည်ဂရင်းအိတ်က အပြင်မှာမရှိဘူး ဆိုတာသိထားကြပြီးသားတွေပဲ မဟုတ်လား? ဆီးခုံအစပ်ကြားနှင့် စအိုအတွင့်နံရံနှင့်ကပ်လျှက်မှာ ကာလရေကြည်ဂရင်းအိတ်တည်ရှိတယ် … သို့ပေမယ့် စအိုအတွင့်နံရံကာထားတော့ လက်နဲ့ တိုက်ရိုက်ထိတွေ့ဖို့မရပါဘူး … တည်ရှိတဲ့နေရာက စအိုဝနှင့်လက်ဆင့်အကွာ နံရံအောက်မှာရှိပါတယ် … တကယ်တော့ ကာလရေကြည်ဂရင်အိတ်က တိုက်ရိုက်အာရုံခံရမယ့်အပိုင်းမဟုတ်ပါဘူး … လိင်တံကနေတစ်ဆင့်ရရှိလာတဲ့ အာရုံကနေပြီးမှ ကာလရေကြည်လွတ်ပေးဖို့ပါ … ကာလရေကြည်ဂရင်းအိတ်ကို ထိဖို့မရမကကြိုးစား ရင်တော့ အတွင်းနံရံပွန်းပဲပြီး အနာဖြစ်စေလိမ့်မယ် စာနာစိတ်လေးထားစေချင်ပါတယ် … ယခုကျွန်တော် ဖတ်ရှုလေ့လာထားတာတွေကို ဝေမျှပေးရခြင်းကလည်း မလိုလားအပ်တဲ့ အသေး အမွားတွေကအစရှောင်ရှားနိုင်အောက်ရည်ရွယ် ပါတယ် … ရေးသားမှုမှာ ရိုင်းပြတဲ့အသုံးအနှုံန်းပါခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျား … ကြီးတာသေးတာက ချစ်ခြင်းတရားကို မဖော် ဆောင်နိုင်ဘူး တကယ်နားလည်ပေးတတ်ပြီး ယုယတဲ့စိတ်ကသာချစ်သည်ထက်ချစ်လာအောင် ဖန်တီးပေးနိုင်စွမ်းရှိတာပါ ဘယ်ချစ်သူမဆို ကိုယ့်အပေါ်နားလည်ပေးတတ်သူ ကိုတန်ဖိုးထားတတ်ကြတာပါ … အရပ်ပြောစကား အခြေအမြစ်မရှိတဲ့ ကြီးမှကြိက် တာငယ်နေလို့ မင်းကိုမချစ်တာတွေက တကယ် ဟာသတစ်ခုသက်သက်ပဲလို့ ကျွန်တော်မှတ်ယူ တယ်။ ။
