Friday, June 28, 2019

ချစ်ဧည့်သည် ချစ်ဧည့်သည်ပျို

နွေလည်နေ့ခင်း ပူပြင်းပြင်းကာလလေးတစ်ခုပါ။
လေပူကြမ်းလေး တစ်ချက်အဝှေ့မှာ အိမ်ရှေ့လမ်းဘေးက ကုက္ကိုပင်အိုက ရွက်ဟောင်းတစ်ဆုပ်ခန့်
ကသုတ်ကရက်ချွေချလိုက်တယ်။ အိမ်တံစက်မြိတ်အောက်မှာ သင်္ချာတွက်နေရာကနေ ရပ်ပြီး
တောင်စဉ်ရေမရ အတေွး စက်တစ်ချို့န့အဲ တူ ရွာအ၀င်လမ်းကို ငေးနေမိတယ်။ ကျွန်တော်တို့အိမ်ဟာ
ရွာဝင်လမ်းဘေးမှာမို့ ရွာကိုလာသမျှ အ၀င်ကားလေးတွေကို မြင်နေရတယ်လေ။
သြော် ဘာလိုလိုနဲ့ ကျွန်တော်လည်း ၉ တန်းဖြေပြီးသွားတယ်။ အောင်မယ်ဆိုတာကိုသိနေတော့ ပြီးခ့တဲ့ဲ
စာမေးပွဲအတွက် ရင်မခုန်ပါဘူး။ နောက်တက်မယ့် ၁၀ တန်းဆိုတာကြီးကိုပဲ စိတ်ထဲလောနေမိတယ်။ ခုလို
နေ့လည်နေပူကြီးမှာကလည်း စိတ်တွေလေနေတာမို့ သိပ်ပြီးလည်း စာမကြည့်ဖြစ်ပါဘူး။
ရွာမှာကလည်း နှစ်စဉ်နှစ်တိုင်းကျင်းပနေကြ ပွဲတော်ပေမို့ ပွဲဈေးတန်းအတွက် ပွဲကားတွေ တစ်စီးပြီး
တစ်စီးလာနေကြတယ်။ ခုနလေးတင်ပဲ ရဟတ်ကားလာတယ်လို့ သဲ့သဲ့ကြားလိုက်မိတယ်။
ကုန်စည်စလွယ်တွေသယ်တင်ထားလို့ ဘာကားရယ်လို့ ကြိုမမှန်းနိုင်ကြပါဘူး။ ကုန်တွေချပြီး
ကောက်ဆင်မှသာ သိရတာမျိုးလေ။
ရဟတ်ကားလာတော့လည်း ဒီနှစ်တော့ ကျွန်တော်ရဟတ်စီးဖြစ်ရသေးတာပေါ့လေ။ ဒီနှစ်မှာတော့
ထူးခြားတယ်ဆိုစရာလေး တစ်ခုရှိပါတယ်။ မန္တလေးရွှေမြို့တော်က လမင်းတရာ အငြိမ့်ကြီးကို
ပွဲငှားအဖွဲ့ကငှားထားလို့ဖြစ်ပါတယ်။ ဒီအငြိမ့်ကြောင့်ပဲ ဒီနှစ်ရွာမှာ ဧည့်ထောင်းတယ်ဆိုရပါတယ်။
ရွာနီးချုပ်စပ်ရော အဝေးတလံပါမကျန် အနယ်နယ်အရပ်ရပ်က လာကြည့်ကြမယ်လို့ ခန့်မှန်းသလို၊
အိမ်နီးနားချင်းတွေမှာလည်း ရပ်ဝေးဧည့်သည်တွေ အတော်များများရောက်နှင့်နေပြီးကြပါပြီ။
ကျွန်တော့်မိဘတွေက ဒီရွာဇာတိ မိဘလက်ငုတ်လက်ရင်း တောင်သူတွေမို့ ရပ်ဝေးဧည့်သည်လာဖို့တော့
မရှိဘူးပေါ့လေ။ ရွာနီးချုပ်စပ်ကတော့ ပွဲညမှာ လာမယ်ထင်ပါတယ်။ သဘက်ခါပွဲတော်ညမို့ အနီးဧည့်လာဖို့
စောလွန်းပါသေးတယ်ဆိုရပါမယ်။
ရွာဆိုတာကလည်း တစ်အိမ်န့တဲ စ်အိမ် ဆွေရိပ်မျိုးရိပ်မကင်းသလို ကိုယ့်ယာထွန်ချိန် သူ့ခေါ်လိုက်၊ သူ့ရာချိန်
ကိုယ်ကူလိုက်နဲ့ ဒိုးတူဘောင်ဘက် လုပ်ကိုင်လာလိုက်ကြတာ နှစ်ပဋိစ္ဆေဒ ကြာမြင့်လှမည်ထင်သည်။
♫ တောဓလေ့ ♫ သီချင်းလေးတောင် သတိရမိတယ်ဗျာ။
♫ တော့ဓလေ့မှာ လန်ွပျော်မေ့စွ ရာ ♫ ရိုးပြတ်ဝါလယ်ယာတွင်းမှာ ♫ မနက်မလင်းမီ ♫ တလင်းဆီကို
အရောက်သွားလို့ ♫ စပါးလည်းလှေ့ရင်းသာ ♫ သီချင်းတကြော်ကြော် ♫ ဟစ်အော်ပျော်ကြရှာ ♫
နေပူကျဲကျဲမှာပဲ လေအေးတစ်ပြိုက် တိုးဝင်လာတယ်။ တန်ဖိုးကြီးလိုက်တဲ့ လေညှင်းလေးရယ်။
ကျွန်တော်ရော ကျွန်တော်တို့ အိမ်လေးပါ နွေနေပူကနေ တဒင်္ဂလေး ငြိမ့်အေးသွားတယ်။
မြင်ကွင်းထဲမှာလေး ဂျစ်ကားလေးတစ်စီး ကုက္ကိုပင်အောက် ဆိုက်လာတယ်။ ဖုန်တလုံးလုံးနဲ့ပေမယ့် လှပတဲ့
ကားလေးဆိုတာတော့ ခန့်မှန်းမိပါတယ်။ အမျိုးအစားနဲ့ တန်ဖိုးတို့ခန့်မှန်းဖို့က ကျွန်တော့်အတွက်
အလှမ်းဝေးလှပါတယ်။
ကားပေါ်က လူဝကြီးတစ်ယောက်ဆင်းလာပြီး ကုက္ကိုပင်အောက်က ထွေပစ်နေတဲ့ ကလေးတစ်ချို့ကို
တခုခုမေးနေဟန်ပါပဲ။ စပ်စုချင်တာကြောင့် နေရာကနေထသွားမိတယ်။ မမြင်ရတဲ့ ဆွဲငင်အားတစ်ခုက
ကျွန်တော့်ကို ကားပေါ်လှမ်းကြည့်ဖို့ ဆွဲဆောင်နေသလိုပါပဲ။ လူဝကြီးကို ကျော်ပြီး ကားပေါ်ကို ငေးမိတယ်။
အမျိုးသမီးသုံးယောက်ကိုတေ့တွ ယ်။ အမျိုးသမီးဆိုတာထက် မသတ္တ၀ါ ဆိုပါတော့။ ချောမောခန့်ညားတဲ့
မိန်းမခပ်ကြီးကြီးနဲ့အတူ ကျွန်တော့်ထက်အသက်အနည်းငယ်ကြီးဟန်ရှိတဲ့ အစ်မအရွယ်
မိန်းကလေးတစ်ယောက်ရယ် လေးငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်ရယ်ပါ။
သုံးယောက်လုံးတူနေတာကတော့ ဖုန်ထူထူအောက်က ဖြူဝင်းဝင်းအသားရေရေပါပဲ။
ရွယ်တူမမကိုတော့ သေချာငေးမိတယ်။ ကျွန်တော်တို့ရွာမှာ ရွာသူရွာသားမပိုင်နိုင်တဲ့
ဖြူဝင်းမှုကိုသူပိုင်နေတယ်။ ခေါင်းထက်မှာ စီးထားတဲ့ ခေါင်းစီးနီနီကလည်း ဖုန်တွေအလိမ်းလိမ်းနဲ့ပါလား။
မျက်ခုံးထက်မှာလည်း ဖုံတွေအဖွေးသား။ အညာမြေရဲ့ အကြိုတော် ဖုန်ထူထူသော်မှ ထိုမမ အလှကို
မဖုံးကွယ်နိုင်ဖြစ်နေပါရောလားဗျာ။
ထိုမမတွင် ကျွန်တော်မြတ်နိုးလှသော မျက်သားဖြူဖြူ၊ ကျွန်တော်ရင်ခုန်သော ပါးဖေါင်းဖေါင်းနှင့်
ကျွန်တော်နားမလည်သော နှုတ်ခမ်းထက်မှ အပြုံးတစ်ပွင့်ရှိနေပါတယ်။ ထိုအပြုံး၏ အဓိပ္ပါယ်ကို ထိုစဉ်က
နားမလည်ခ့ပဲါ။ နှစ်အတန်ကြာအောင် အဓိပ္ပါယ်ဖွင့်ယူခဲ့ရပါတယ်။ ကျွန်တော် ကိုရင်တောသားအတွက်
ထိုမမ အပြုံးတို့တွင် ကျီစယ်လိုခြင်း နှိမ်ချလိုခြင်းတို့ ပါနေတာကိုတော့ ကျွန်တော့်ရင်ထဲက
အလိုလိုသိနေခ့ပဲါတယ်။
တက်ထရွန်ရှပ်လက်တို ဘောင်းဘီတိုတိုဝတ်ထားပြီး ပုဆိုးကွင်းသိုင်းထားတဲ့ အကျွန်တောသား
သူငယ်သည် ပိုင်ဆိုင်မှုတေမျွားလနွ်းလှတဲ့ မမတို့အတွက် ထိုအပြုံးနှင့်ထိုက်တန်တာကို
ကျွန်တော်နားလည်နိုင်ခ့ပဲါတယ်။ မမကို ကျွန်တော်ဘာကြောင့် ဆက်ငေးမိနေသလဲဆိုတာကတော့
ပြုံးပြနေတဲ့ မမကြောင့်ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်နားမလည်သေးတဲ့ အဓိပ္ပါယ်တွေ မမနှုတ်ခမ်းမှာ
ပွင့်အာလျှက်ရှိကြပါသေးတယ်လေ။
ထိုစဉ်အချိန်က ကျွန်တော်၏ ကြိုမသိနိုင်ခြင်းတွေအများအပြားရှိခဲ့ပါတယ်။
အချစ်တစ်ခုရဲ့အစ ကလေးဘ၀ရဲ့နိဂုံး၊ နာကျင်မှုတစ်ခုရဲ့ နိဒါန်း၊ အဆင့်အတန်းခွဲခြားခြင်းတို့ရဲ့ ပြယုဂ်၊
လူနေမှုကွာခြားခြင်းရဲ့ ပြစ်ဒဏ်၊ ပေးဆပ်မှုရဲ့ အဆုံးဘက်မှာ ထိုထိုသောအရာတို့ဟာ ထိုသော မမရဲ့
ကျွန်တော့်အတွက်တစ်သက်စာ လက်ဆောင်တွေဖြစ်လာတာပါပဲခင်ဗျ။
အချစ်တစ်ခုရဲ့အစ ကလေးဘ၀ရဲ့နိဂုံး
(၁) ချစ်ဧည့်သည် ချစ်ဧည့်သည်ပျို
“ ဟေ့ သူငယ် ဟေ့ ”
ဘေးကလာတ့အဲ သံကြောင့် အတွေးရေယဉ်ကြောတွေ ပြတ်တောက်သွားပြီး
ခေါ်သံကြားရာဖက်လှည့်ကြည့်လိုက်ရတယ်။
“ ဦးမောင်အေး တို့အိမ်ဘယ်အိမ်လဲကွ ”
အလို သူမေးတာ ကျွန်တော်တို့ အိမ်ပါရောလားလို့ အံ့သြမိတယ်။ ရွာမှာလည်း နာမည်တူမရှိပါဘူးပေါ့။
“ ဦးမောင်အေး ဒေါ်အေးမြင့် ကိုပြောတာလားခင်ဗျ”
“ ဟုတ်တယ် သူငယ်ရေ” ဆိုတော့ စိတ်ထဲမှာ ၀မ်းမြောက်မိသွားတယ်။ ဖြတ်ကနဲဆိုသလို ကားပေါ်က
မမကို ပြေးမြင်မိတယ်လေ။
“ ဒီအိမ်ခင်ဗျ ” လို့ ခပ်သွက်သွက်လေး ကျောဘက်ထိုးပြလိုက်ရတယ်။
အနိုင်ရဲ့  ♫ ချစ်ဧည့်သည် ♫ သီချင်းလေးကို သွားသတိရတယ်။
♫ ချစ်ဧည့်သည် ♫ ချစ်ဧည့်သည်ပျို ♫ ရွာ န့ေဲ မာင့်ကို စွန့်ခွာပြေး ♫ မြို့ကြီးကိုတဲ့ ပြန်တော့မယ်ဆို ♫
ပြန်တော့မယ်ဆို ♫ နှလုံးသားမြေမှာ တံတားခင်းပေးခဲ့မယ် ♫ နင်းသွားတော့ပျို ♫
သီချင်းလေးကို ညည်းရင်း မမနောက်ကျောဆီကို ငေးရင်း လမ်းလျှောက်နေမိတယ်။ မမဟာ
ကျွန်တော့်ထက် ၂ လက်မခန့်အရပ်မြင့်ပါတယ်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ အပျိုဖြန်းဆိုတာ ဒါလေးကို
ခေါ်မယ်ထင်ပါတယ်။ မမရဲ့ ဖွံ့ ထွားနေတဲ့ ရင်မွှာနှစ်သွယ်ကို မြင်ယောင်မိရင်း အိမ်ဘေးက
ညီမနှစ်ယောက်ရန်ဖြစ်ရင်း ဆဲတာကို သွားသတိရတယ်။
အပျိုဖေါ်ဝင်စ အမနဲ့ အငယ်မလေး ရန်ဖြစ်ကြရာမှာ အငယ်မလေးက မကျေမနပ်နဲ့ သူ့အစ်မဆဲရေးပုံက “
နို့ဆူမ” တ့ဗျဲ။ ဒါဆိုဒီမမလည်း အလဲို ဖြစ်မှာပေါ့နော်။ စလင်းဘက်လေးကို လွယ်ရင်းဆင်းသွားတဲ့ မမဆီမှာ
ဒီလို ဖွင့်ထွားတာလေးလည်း ပိုင်ဆိုင်နေတာ အသေအချာပေါ့ဗျာ။ မျက်နှာလေးက
ကွင်းကွင်းယွင်းယွင်းရှိတယ်ဆိုရပါမယ်။ ဇင်ယော်တောင်မျက်ခုံးမဟုတ်ပေမယ့် ထူထဲတိကျတဲ့
မျက်ခုံးရှိနေတယ်။ အသားအရေကတော့ ရွာအခေါ် ဖွေးဖွေးဖွတ်ဖွတ်လေးပေါ့ဗျာ။
ကိုယ်လုံးကိုယ်ပေါက်ကတော့ ကျွန်တော် သဘောအကျဆုံးပုံစံလေးပါ။ ပုခုံးအကျယ်နဲ့ တင်ပါးအကျယ်ဟာ
အတူလောက်လို့တောင် ဆိုရပါမယ်။ ပုခုံးကျဉ်းပြီးတင်ကားနေပါတယ်။ နောင်မှာတော့ ဒီကိုယ်လုံး
ကိုယ်ပေါက်ကို ငါ့ရံ့ကိုယ်လုံးလို့ ရွာက အစ်ကိုများ နာမည်ပေးကြပါတယ်။ ဒီလောက်ကြီးတောင်
ငမ်းတယ်လို့ အထင်မလလွဲိုက်ပါနဲ့ အဒဲီတုန်းက ကျွန်တော်ဟာ အသံတောင် မသြသေးပါဘူးခင်ဗျ။
သဘာဝအလှများ စူးစမ်းကာစ လောကအလှဖွေရှာကာစ ကလေးငယ်တစ်ဦးသာ ဖြစ်ခဲ့ပါကြောင်း။
လူဝကြီးကားပေါ်တက် ကေ့အွ ၀င်မှာတော့ ကျွန်တော့်အိမ်အ၀င်လမ်းဟာ
မြေကြီးန့ထဲိပြီးလမ်းလျှောက်နေတာလား မသိနိုင်အောင်ကို ပျော်နေမိပါတယ်။ အိမ်မှာ
မြို့သူချောချောလေးရောက်နေတာသိရင် လာပိုးပမ်းကြမယ့် သူငယ်ချင်းတွေရဲ့ ခေါ်တောမျက်နှာကြီးတွေကို
မြင်ယောင်မိလို့လေ။ အိမ်သာလို့ ဧည့်လာတာမဟုတ်ဘဲ ဧည့်လာလို့ အိမ်သာတယ်
ဖြစ်သွားတယ်ဆိုရပါတော့မယ်ခင်ဗျာ။
ပူပြင်းလှသော အညာလေတို့ဟာ ငြိမ့်ညောင်းသော တေးသွားများကို သယ်လာဟန်ရှိသလို၊
အိမ်ရှေ့ကုက္ကိုပင်ဟာလည်း ပင်စည်မှအမြစ်တိုင် ပျော်ရွှင်ခြင်းများ ရစ်တွယ်ထွေးပိုက်ထားဖွယ်
သွယ်လျဖြစ်ထွန်းနေပါတော့တယ်။ မသိမသာလေချွန်တောင်နေလိုက်ပါသေးတယ်။
တေးသွားအလိုက်လေးကတော့ ချစ်ဧည့်သည် ချစ်ဧည့်သည်ပျို ပေါ့နော်။
(၂) နေ၀င်ချိန်တိမ်တောက် ပျိုကြောက်ပါတဲ့ဒီအချိန်
အိမ်ရှေ့က ကားသံကြောင့် အဖေန့အဲ မေတို့ လန့်နိုးလာကြဟန်ရှိပါတယ်။ လူဝကြီးကိုမြင်လိုက်တယ်ဆိုရင်ပဲ
တရင်းတနှီးနှုတ်ဆက်ကြပါတော့တယ်။ ပြောစကားများအရ ထိုလူဝကြီးဟာ မြို့က ပွဲရုံပိုင်ရှင်
ဖြစ်ဟန်ရှိပါတယ်။ အဖေကလည်း မြိုသွားရောင်းတိုင်း သူ့ဆီမှာရောင်းဟန်ရှိပါတယ်။
အတော်လေးရင်းနှီးပုံရပြီး အရင်တစ်ခေါက် ပဲသွားရောင်းတည်းက ရွာပွဲအလည်လာဖို့ ဖိတ်ခဲ့ဟန်တူပါတယ်။
ဧည့်သည်တွေကို အိမ်အပေါ်ထပ်အပ်လိုက်ပြီးတော့ အဖေက ညနေထန်းရေ သွားသိမ်းပါတယ်။
အမေကတော့ ပေတရာခေါ် ရွာလယ်ဈေးကိုထွက်သွားပါတယ်။ ကားမောင်းရတာပင်ပမ်းလို့ထင်ပါရဲ့
လူဝကြီးကတော့ တန်းယားပေါ်မှာ တမှေးမှေးနေပါတယ်။ မကြာခင်မှာပဲ အပေါ်ထပ်မှာ မမတို့
သားအမိတစ်စု အ၀တ်လဲပြီးဆင်းလာကြတယ်။
မမအမေကတော့ ခပ်ပါးပါးအ၀တ်သာဝတ်ထားပြီး မမကတော့ လုံချည်ပန်းရောင်လေးရင်လျားပြီး
တဘက်ဝါလေ့း ခြုံထားပါတယ်။ လက်ထဲမှာလဲမယ့် အ၀တ်ပိုလေးနဲ့ပေါ့။
“ဟ့သဲူငယ် ဝေေ၀က ရေချိုးချင်သတဲ့ ရေဘယ်မှာချိုးရမလဲ အန်တီတို့ကိုလိုက်ပြပါဦး”
လို့ပြောလာပါတယ်။ သြော် မမနာမည်လေးက ဝေေ၀တဲ့လား။ နာမည်လေးကိုကြားလိုက်တော့ ရင်ထဲမှာ
သိမ့်သွားတယ်။ ပါးစပ်ကလည်း အသံထွက်ပြီး မမဝေရယ်လို့ ခေါ်လိုက်ချင်တယ်။ ဒါပေမယ့်
အခြေအနေမပေးဘူးလေ။ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော့်အတွက် မမတစ်ယောက်သာ
မွေးစားရရှိမယ်ဆိုတဲ့ အတေွး နဲ့ မမတော်ချင်စိတ်သာ တဖွားဖွားပေါ်ပေါက်နေပါတော့တယ်။
ကျွန်တော်တို့ရွာလေးမှာက ရွာအနောက်ဘက်က ချောင်းထဲဆင်းပြီးရေချိုးရပါတယ်။ နွေရာသီမို့
ချောင်းရေက ချောင်းအလယ်လောက်မှာသာရှိပြီး ရေချိုးရလွယ်ဖို့ကိုတော့ ချောင်းစပ်မှာ
ရေတွင်းတွေတူးထားရပါတယ်။ ကျွန်တော်တို့ရွာလေးဟာ ပေတရာခေါ် ကားသွားနိုင်တဲ့
လမ်းတစ်ကြောင်းသာရှိပြီး အိမ်များက လမ်းဘေးဝဲယာမှာသာရှိပါတယ်။ ကျွန်တော်တို့အိမ်လေးက လမ်းနဲ့
ချောင်းကြားဆိုပါတော့။ လမ်းကိုမျက်နှာမူတ့အဲိမ်မို့ ရေချိုးမယ်ဆို အိမ်နောက်ဖေးလမ်းကနေ
ချောင်းထဲထိုးဆင်းရပါတယ်။
လမ်းပြအဖြစ် ချောင်းထဲကို ထိုးဆင်းမယ်ကြံရင်ပဲ အဒေါ်ကြီးဟာ စိတ်ပျက်သွားဟန်ရှိပါတယ်။
“အန်တီတော့ ခရီးပမ်းတာမို့ ဒီလမ်းက မဆင်းချင်ဘူး ချော်လဲမှာစိုးတယ်။ တခြားလမ်းမရှိဘူးလား”
လို့မေးတာကြောင့် တခြားလမ်းက ရွာလယ်မှာဖြစ်ကြောင်း ဖြေပေးပါတယ်။ နေပူပူမှာ
လမ်းမလျှောက်လိုဟန်တူပါတယ်။
“ကဲ ဝေေ၀ကိုသာခေါ်သွားတော့ ငါနဲ့ ငယ်လေး နေခဲ့တော့မယ်” ဆိုပါတယ်။
မမဝေကတော့ နည်းနည်းလေး စူပုတ်သွားဟန်ရှိတယ်။ လမ်းကြမ်းလို့ မဆင်းချင်တာရယ် အမေနဲ့
ညီမငယ်မလိုက်လို့ မကျေနပ်တာရယ်ကြောင့်ဖြစ်ပါမယ်။ ကျွန်တော်ကတော့
မမဝေတစ်ယောက်သာပို့ရမယ်ဆိုတာကြီးကို တွေးပြီး အပျော်ကြီးပျော်နေပါတော့တယ်။
ချောင်းဆင်းလမ်းဟာ ချုံနွယ်ပိတ်ပေါင်းဖြစ်မနေသော်လည်း ထနောင်းပင်များ ပေါက်နေပြီး အတော်လေး
သီးသန့်ဆန်နေပါတယ်။ ကျောက်စရစ်စစ သဲစစနဲ့မို့ မမဝေခမျာ နောက်ကနေ
အမေတပြီးဆင်းနေရရှာပါတယ်။
“အမေ့” အာမေတိတ်သံလေးန့အဲ တူ ရှောခနဲ မမဝေချော်ကျလာပါတယ်။ ချက်ချင်းသလို
ကျွန်တော်ဆွဲဖမ်းလိုက်မိတယ်။ ကျွန်တော့်လက်တစ်ဖက်က မမဝေရဲ့ ခါးနဲ့ လက်တစ်ဖက်ကို
ချုပ်မိလျှက်သား ဆုပ်ကိုင်မိသွားပါတယ်။ အပေါ်ကကျလာတဲ့ မမဝေရဲ့ အဟုန်ကို
ကျွန်တော်မထိန်းနိုင်ဖြစ်ပြီး ကျွန်တော်ပါလဲကျသွားပါတော့တယ်။ တုံးလုံးပက်လက်တော့ မဟုတ်ကြပါခင်ဗျ။
ပုံ့ပုံ့လေးနှစ်ယောက်သား ထိုင်ကျသွားကြတာပါ။
မမဝေရဲ့ လက်ကောက်ဝတ်က ကြောက်စိတ်ကြောင့်တုန်ခါနေပါတယ်။ အပေါ်ပိုင်းမှာတော့
တစ်ဘက်လေးက ချွတ်မိလျက်သားမို့ မမဝေရဲ့ ပုခုံးသားနုနုကတော့ ကျွန်တော်လက်ထဲမှာ ရင်ဖိုစရာ
နှစ်လိုဖွယ်ဖြစ်နေပါတော့တယ်။ ထိုပုခုံးသားတို့သည် ကျွန်တော့်ဘ၀အတွက် ပထမဆုံးတွေ့ထိဖူးသော
အရွယ်တူမိန်းမပျိုရဲ့ အသားနုဖြစ်ပါတယ်။ ကျွန်တော့်ရင်တွေ ဗလောင်ဆူသွားပါတယ်။ ပြောမပြတတ်တဲ့
လှုပ်ရှားမှုဖြစ်သွားတယ်။ မမဝေကရော ငါ့လိုပဲလားလို့တွေးမိလိုက်တယ်။
ကျွန်တော်မြတ်နိုးသော မျက်သားဖြူဖြူလေးတွေအလယ်က မျက်နက်ဝန်းဟာ ကျွန်တော့်ကို
အတိုင်းသာပြူးကြည့်နေတယ်။ အတော်လေး ယောက်ယက်ခက်နေဟန်ရှိပါတယ်။
မျက်သားဖြူဖြူလေးအလယ်က မျက်နက်ဝန်းများဟာ အရောက်တလက်လက်ခတ်နေပါတယ်။ ပါးပြင်မှာ
သွေးရောင်လေးတွေလွှမ်းနေသလို သွေးကြောလေးတွေပါ မြင်နေရပါတယ်။ နှုတ်ခမ်းလေးက မဆိုယုံလေး
ဟ ထားပါတယ်။ ကျွန်တော်ရှေ့လက်တစ်ကမ်းမှာ ပုခုံးနဲ့ လက်ကောက်ဝတ်ကို ထိန်းသိမ်းခံလိုက်ရရှာလို့
ထင်ပါတယ်။
ကျွန်တော်မသိသော အမွှေးနံလေးက မမဆီကရလာပါတယ်။ မိတ်ကပ်တစ်မျိုးဖြစ်မယ်ထင်ပါတယ်။
မိတ်ကပ်လိမ်းထားတာလည်း မဖြစ်နိုင်ပါဘူး။ ပါးပြင်ပေါ်က သွေးကြောလေးတွေတောင်
ရေးရေးမြင်နေရတာပဲလေ။ ကိုယ်သင်းရနံ့များလား။ နွေထနောင်း ဆောင်းမန်ကျီးဆိုတဲ့အတိုင်း နွေနေပူမှာ
ထနောင်းရိပ်လေးတွေက အေးမြလို့နေသလို ထနောက်ရွက်ကြားက လေပြေနုနုလေးအောက်မှာ
ကျွန်တော်ဟာ မလှုပ်မရှက် အိပ်မေ့ချွခံထားရသလို မမမျက်နှာလေးကို ငေးခြင်းမှအပ တစ်ခြားဘာမှ
မလုပ်နိုင်ခဲ့ပါ။
လျှပ်တစ်ပျက်ကာလလေးအတွင်းမှာ …
ကျွန်တော်ဟာ အမွှေးနံ့လေးရဲ့ သယ်ဆောင်ရာကို မျက်စိလည်လမ်းမှားသွားခဲ့ပါတယ်။ မမရဲ့
ဘယ်ဘက်ပါးပြင်ကို မွှေးမွှေးပေးမိလိုက်ပါတော့တယ်။ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးသော လွန်ဆန်မရနိုင်တဲ့
ဆန္ဒတစ်ခုကို ကျူးလွန်လိုက်ခြင်းပါပဲ။ မမပါးပြင်နုနုလေးထက်မှာ လောကအလှဆိုပါတဲ့ ဂီတသံတွေ
ရသပေါင်းစုံ အလင်္ကာများစွာ စုပျိုးထပ်ပေါင်းထားဟန်ရှိပါတယ်။ ရင်ဘတ်ကြီးတစ်ခုလုံး ပြိုကျသွားသလို
ကျွန်တော်နွမ်းဟိုက်သွားပါတော့တယ်။ ကျွန်တော့်ဆီက အရေးကြီးအရာတော်တော်များများ
မမနှုတ်ယူသွားတယ်လို့ ခံစားလိုက်ရတယ်။
မမဝေကတော့ မျက်နှာကိုဇွတ်လွှဲလိုက်ပြီး မျက်သားဖြူဖြူလေးရဲလာပြီး မျက်ရည်များလိမ့်ဆင်းလာပါတယ်။
မမပါးပြင်က မျက်ရည်တွေလိမ့်ဆင်းလာပုံဟာ ကျွန်တော့်အတွက် နောင်တတွေ တစ်ရစ်ခြင်း
တစ်ရစ်ခြင်းထပ်ပိုး ကျခံစေလိုဟန်ရှိပါတယ်။ အရမ်းဝမ်းနည်းမိတယ်ဗျာ။ ကျွန်တော့်လက်တွေကနေ ရုန်းပြီး
ကျွန်တော့်ပုခုံးကို ဆက်တိုက်ပုတ်ရင်း စကားတတွတ်တွတ်ပြောနေပါတော့တယ်။
“ဘာလို့ နမ်းတာလဲ၊ ငါက နင့်ရည်းစားမို့လား၊ ဧည့်သည်ကို ဒီလိုလုပ်ရလား ပြန်မယ်၊ တိုင်မယ်၊
နင့်မိဘကိုတိုင်မယ် ”
စတဲ့ စကားတေတွ တတ်ွတတွ် ရတ်ွနေပါတော့တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဒူးလေးထောက်ပြီး
လက်ဖျားတွေကိုယောင်ယမ်းချိုးနေမိပါတယ်။ မမသာ လှည့်ကြည့်မယ်ဆို ကျွန်တော်လည်း ငိုနေတာ
မမမြင်ရမှာပါ။ ကျွန်တော့်ကြောင့် တစ်ပါးသူမျက်ရည်ကျဖူးတယ်ဆို အဲဒီတစ်ပါးသူဟာ မမပဲဖြစ်မှာပါ။
မိန်းကလေးတစ်ယောက် မျက်ရည်ကို ရဲရဲကြည့်ဝံ့တဲ့ သတ္တိကျွန်တော့်မှာ ပါမလာဘူးမမရယ်။ ကျွန်တော်
အာခေါင်တွေအောင့်လာတယ်။ အရမ်းမောလာသလိုပါပဲ။ ကျွန်တော်ထပ်တလဲလဲ ပြောမိတဲ့စကားကတော့
… “တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်ဗျာ” ဆိုတာပါပဲခင်ဗျ။
တဖြည်းဖြည်းန့ေဲ တွးကြောက်လာတယ်။ မမသာ အိမ်ကိုတိုင်ရင် အဖေနဲ့အမေက ဘယ်လိုတုံ့ပြန်မလဲ
လူဝကြီးကရော ထိုးထည့်လိုက်လေမလား၊ အဒေါ်ကြီးကရော ပါးရိုက်လိုက်လေမလား တွေးကြောက်မိတယ်။
မမသာ ပါးရိုက်မယ်ဆိုရင်တော့ ကျွန်တော်ခံရဲပါတယ်။ ဒါနဲ့ပဲ … “မမ မကြေနပ်ရင် ကျွန်တော့်ပါးကို ရိုက်ပါ၊
အိမ်ကို မတိုင်န့ေဲ နာ်” လို့ တောင်းပန်မိတယ်။ မမကျွန်တော့်ကို မရိုက်ဘူးဗျ။ မမစိတ်ကူး ပြောင်းသွားတယ်
ထင်တယ်။ ပါးပြင်က မျက်ရည်စက်လေးလည်း လမ်းတစ်ဝက်မှာခြောက်သွားပါတယ်။ မျက်လုံးလေးကို
တစ်ချက်ပြီးတစ်ချက်ပုတ်လိုက်တယ်။ အိုး … အခုမှ သေချာမြင်မိတယ် မမမျက်တောင်လေးတွေဟာ
ကျွန်တော့်လိုပဲ ရှည်စင်းစင်းလေးပါလားလို့။ မျက်တောင်ကော့တဲ့မိန်းကလေးများကို မူယာများတယ်လို့
ထင်မိပါတယ်။ မမမျက်တောင်လေးတွေကိုလည်း သဘောကျမိသွားပြန် ပါတယ်ခင်ဗျာ။ “သွား
ရေချိုးရမယ့်နေရာ မြန်မြန်သွား” လို့အော်တော့မှ စိတ်သက်သာရ ရသွားတယ်။ ဒီလိုဆိုတော့လည်း မမက
လိမ္မာသားလို့ တွေးမိတယ်။
မျက်ရည်စတွေသုတ်ပြီး လှည့်ဆင်းလိုက်တယ်။ မမကပ်ပါမလာတာသိတော့ လှည့်ကြည့်မိတယ်။
မမတစ်ယောက် တဘက်ဝါလေးခြုံပြီး ခြေထောက်နာပြီးမထနိုင်ဖြစ်နေရှာသကိုး။ ထူမယ်လို့ သွားပေမယ့်
“ ငါ့ဖာသာ ထနိုင်တယ် ” အော်နေပြန်ပါတော့တယ်။ ထနိုင်တာလည်းမဟုတ်ဘဲနဲ့ကိုးနော်။ သနားရင်းကနေ
ရယ်ချင်တ့စဲိတ်ကို ပြောင်းသွားတယ်။ စချင်နောက်ချင်လည်းဖြစ်လာမိတယ်။ မမ ခန နေဦးနော်ဆိုပြီး
ဘေးဘီဝဲယာလှည့်ပြီး တုတ်တိုလေးတစ်ချောင်းရှာမိတယ်။ အရေးထဲမှာ တုတ်ကလည်းမတွေ့ဘူးဗျ။
လျှောက်ရှာနေရာကနေ မမကိုလှည့်ကြည့်တော့ ကျွန်တော်ထွက်ပြေးမှာ ကြောက်ဟန်ရှိတယ်။ တစ်ခါမှ
မရောက်ဖူးတဲ့ အရပ်မှာ အားငယ်ရှာပေမပေါ့လို့ သနားမိပြန်ရော။ မမမျက်ဝန်းမှာ ယို့ယို့လေးထိုင်ပြီး
စိုးရံွ့ နေဟန်လေးကလည်း လှနေတာပါပလဲား မမရယ်။
ထနောင်းခက်လေးချိုးလိုက်တယ်။ ထနောင်းဝါမို့ ဆူးမပါပါ။ မမနားသွားပြီး ထနောင်းခက်လေး
ကမ်းလိုက်တယ်။ ရော့ ဒါလေးဆွဲထပေါ့။ ကျွန်တော်မျက်နှာက ပြုံးစိစိမို့ထင်ပါရဲ့ မမခမျာ ငိုထားတာမှ
မကြာသေးဘူး ခစ်ကနဲ ပြုံးစိစိဖြစ်သွားတယ်။
ကျွန်တော့်တို့ ရွာသားတွေဟာ မြန်မာ့ဓလေ့ကျေးလက်ဓလေ့ကို ထိန်းသိမ်းရမယ်ဆိုသမို့လား။ အရွယ်တူ
မိန်းကလေး နှမလို စောင့်ရှောက်သင့်လေတော့ လက်ဖျားခြင်းမထိရလေအောင် တုတ်ကလေးနဲ့
သွယ်ပြီးထူတာပေါ့နော်။ အညာသားတွေရိုးပါတယ်ဆိုတာ သူတို့မြို့သူတွေ သိစေဖို့ပေါ့ဗျာ။
မမက ပြုံးရယ်နေပေမယ့် ထနောင်းခက်ကို မဆွဲဘူးဗျ။ နှုတ်ခမ်းလေးပဲ စူနေတော့တယ်။ ကျွန်တော်လည်း
ရယ်စစနဲ့ “ဘုတ်စလိုက်တော့ အရင်က ဘာမှမဖြစ်ဘူးထားလိုက်” ဆိုပြီး တုတ်ကို လွှင့်ပြစ်ပြီး မမလက်ကို
ဆွဲထူပါတယ်။ ထူကာမှ ပိုဆိုးနေပါ့။ မမကို မနိုင်ဘူးဗျ။ မမအထက်ကတက်ပြီး ချိုင်းကကိုင်မလိုက်တယ်။ ကဲ
ဘယ့်နှယ်ရှိစ။
ကဲဒီကျမှပဲ မရွှေချောလည်း ကျောင်းမှန်းကန်မှန်းသိသွားပုံရတယ်။ တန်းကို
ထူထူထောင်ထောင်ဖြစ်သွားတာပဲ။ တစ်လမ်းလုံး လက်ကလေးဆွဲခေါ်လာခဲ့ရပုံကတော့
ဒီနေ့တိုင်မျက်စိထဲမထွက်တော့ပါဘူး။ ခုလိုချိန်များ သူငယ်ချင်းတစ်ယောက် မြင်စမ်းပါဟလို့
ဆုတောင်းလိုက်ရတာအမော။ မဏ္ဍပ်တိုင်ကြီးတက်ကာ တက်ကာ ဆိုတာ ဒါမျိုးခေါ်တာ ဖြစ်မယ်ဗျ။
နေမ၀င်သေးတော့ ဘယ်သူမှ ရေချိုးမဆင်းတာ ခက်တယ်ဗျာ။
မြေပြန့်ချောင်းစပ်စီရောက်တော့ မမလက်တွဲမခံတော့ပါ။ ရေတွင်းနားဆီက လူသံတွေ လူရိပ်လူယောင်တွေ
တေ့ွေ နရတာကိုးဗျ။ တငွ်းလေးတငွ်းမှာ နှစ်တွင်းမှာ ရေချိုးသူ တစ်ချို့ရှိနေပါတယ်။ လူမရှိတဲ့
တွင်းဆီရွေးခေါ်သွားလိုက်ပါတယ်။ မိန်းမပျိုလေးဆိုတော့ လူရှေ့ဘယ်ချိုးချင်ပါ့မလဲလို့နော့်။
ရွာဘုံပိုင် စက်သီးနဲ့ မမကို ရေချိုးစေပါတယ်။ တွင်းနှုတ်ခမ်းရောက်ပေမယ့် မမမချိုးနိုင်သေးပဲ
ရံွ့ တနွ့်တနွ့်ဖြစ်နေပါတယ်။ သြ ကျွန်တော့်ကိုရှက်လို့ကိုးလို့ တန်းသဘောပေါက်လိုက်ပါတယ်။ ဒါနဲ့ပဲ
ရေတွင်းက ရေတွေ စုဝေးနေရာ အိုင်ငယ်လေးဆီ ထွက်လာလိုက်ပါတယ်။ အိုင်ဘေးက
ထနောင်းမြစ်ပေါ်ထိုင်ရင်း အိုးခြမ်းပ့ေဲ လးတွေနဲ့ အိုင်ထဲကို ပေါက်ရင်း ခုနက
အဖြစ်အပျက်တွေပြန်တွေးလိုက်၊ ကြည်နူးလိုက် မမဆီ လှမ်းကြည့်လိုက်ရင်း ကိုတောသားတို့
အကျေနပ်ကြီးကျေနပ်နေပါတော့တယ်။
ရေနှစ်ပုံးခန့်ချိုအပြီးမှာတော့ အထိမခံရွှေပန်းကန်လေးခမျာ ရေမငင်နိုင်ဖြစ်သွားရှာပါပြီ။ လက်ဖ၀ါး
တစ်ပတ်ွပတ်ွနဲ့ စုတ်တသက်သက်နဲ့ မမဖြစ်ပုံကတော့ ရင်ထဲမှာ ကျလိ ကျလိပါပဲ။ ဟုတ်ပေတာပဲ
အုန်းဆံကြိုးဟာ လက်ရှမှာပေါ့။ အသားမသေသေးတဲ့ အုန်းဆံကြိုးဆို ကျွန်တော်တို့တောင်
လက်ရှတတ်တာပဲကိုးဗျ။ နေရာက ထသွားလိုက်ပြီး မမနားကပ်သွားပါတယ်။ ရေစိုနေတဲ့ မမအလှမှာ
သုံးလေးစက္ကန့်မျှ အသက်ရှုရပ်သွားတယ်ထင်ပါတယ်။ လှလိုက်တာ မမရယ်။
ကျွန်တော်ရင်အဖိုစေဆုံးနေရာကတော့ ရေစိုလို့တင်းနေတဲ့ တင်ပါးအောက်စီက ချိုင့်လို့
အသားန့ကွဲာလတ်ွနေတဲ့ အပိုင်းလေးပါ။ အောက်ခံအသားနဲ့ ထိကပ်မနေလို့ အထဲမှာ
ဘယ်ပုံရှိတယ်မမြင်ရပါဘူး။ အဲလို မမြင်ရတာကိုကပဲ ရင်ပိုဖိုစေတယ်ထင်ရပါတယ်ဗျာ။ မသတ္တ၀ါရဲ့
ဖူးပွင့်စအရွယ်ကို အရှင်လတ်လတ်ကြီး မြင်လိုက်ရစဉ်မှာတော့ ကျွန်တော့်ရင်တွေ ဗျောင်းဆန်သွားတယ်။
ထိုစဉ်က ကာမအရာတွေ ဆန့်ကျင်ဘက်သဘောတွေ ကျွန်တော်မသိပါ။ ကျွန်တော်သိတာ
ကျွန်တော်န့မဲ တူတာရယ် တခြားမိန်းကလေးတွေထက် မို့မောက်ပြည့်လျှမ်းတာရယ်ကိုပါ။
ကျွန်တော့်ကျောရိုးဆီက မဆိုသလောက်လေး ကျင်ခနဲဖြစ်သွားတယ်။ ထိုကလွဲ၍ ဘာဆိုဘာမှ
မခံစားတတ်ခ့ပဲါ။
ကျွန်တော်မမကို ရေတစ်ပုံးငင်ပေးလိုက်ပါတယ်။
“ အားနာလိုက်တာ ” တဲ့ … မမနှုတ်ထက်ွစကား။ အားနာရင် နမ်းဖို့ကျန်သေးတဲ့ နောက်ပါးတစ်ဖက်ကို
ထိုးပေးပါလားလို့ စိတ်ထဲကပြောနေမိတယ်။
“ ရပါတယ်ဗျာ။ အိမ်ကိုမတိုင်ရင်ပြီးရော ” လို့ ပြောလိုက်တယ်။
“ တိုင်မလားဟဲ့ ရှက်စရာကြီးကိုး ” လို့ပြောပြီး ရှက်သွေးဝေနေပြန်ပါတော့တယ်။ သြော် မမရယ်
ရှက်ချင်လည်းသူ၊ ပြုံးချင်လည်းသူ၊ ငိုချင်လည်းသူ၊ စိတ်ဆိုးတော့လည်းသူ။ ဖတ်ဖူးတဲ့ ရုပ်ပြထဲကလို
ချစ်သူထားရာအရပ်သည်သာ ဘ၀ လို့ ဆိုရအောင် မမအပြုံးဟာလည်း၊ မမမျက်ရည်စတွေက ကျွန်တော့်ကို
စိုးမိုးလွန်းလှပါတော့တယ်။
အဲဒီအချိန်မှာလေ ဖြစ်နိုင်ရင် ရေဘယ်လောက်ငင်ပေးရပါစေ ကျွန်တော်ငင်ပေးလိုက်ချင်တယ်။
မမလှစေချင်တယ်။ မမလှဖို့ သန့်ရှင်းစင်ကြယ်စေဖို့ လိုလားသူကျွန်တော်ရယ်ပါ။ ဖြစ်နိုင်ရင် ဘယ်မှ မသွားပဲ
ဒီရွာပြင်က ရေတွင်းလေးဘေးမှာ မမလှဖို့ ရေငင်ပေးမယ်။ စပယ်ပန်းလေးတွေခူးသီပေးမယ်။
ရွာဦးဘုန်းကြီးကျောင်းဝင်းမှာ ခရေပင်ကြီးတွေရှိတယ်မမ။ ခရေပန်းတွေကောက်ပေးမယ်။
ချောင်းဟိုဘက်ကမ်းက သနပ်ခါးခုတ်ပေးမယ်။ သနပ်ခါးသွေးပေးမယ်။ ဟူး အရမ်းစိတ်ကူးယဉ်မိတယ်ဗျာ။
မွေးချင်းမရှိတဲ့ ကျွန်တော့်အတကွ် မမသည် ကျွန်တော့်အမဆိုကလည်း မမှားသလို၊ ကျောင်းစာသာ
စိတ်ဝင်စားခ့တဲ့ဲ ကျွန်တော့်အတက်ွလည်း အချစ်ကိုချဉ်းကပ်မိစေတဲ့ အကြောင်းအရင်းဟာလည်း မမသာ
ဖြစ်ခ့ပဲါတယ်။ ကျွန်တော်ပေးဆပ်ချင်တာတွေ များနေတယ်။ အရိုးအရှင်းဆုံး ဆန္ဒတစ်စုံကတော့ မမကို
လှစေလိုတာ တစ်ခုပါပဲ။ မလှလို့ လှစေလိုတာမဟုတ်ဘဲ အလှပေါ် အယဉ်ဆင့်
တင့်ချင်တိုင်းတင့်စေလိုတာပါ မမရယ်။ မမဆပ်ပြာတိုက်နေချိန်မှာ ကျွန်တော်လည်း
ရေတစ်ပုံးကောက်လောင်းချလိုက်ပါတယ်။ မမလန့်သွားပုံရတယ်။
“ ဟဲ့ တခြားတငွ်း သွားချိုးလေ ”
“ဟာဗျာ ဒီမှာဘာဖြစ်လို့တုန်း” လို့ ဘုတောလိုက်တော့မှ ..
“ ဒါဆိုလည်း မြန်မြန်ပြီးအောင်ချိုး ” တ့။ဲ
မမရေတ၀ကြီးချိုးအပြီးမှာတော့ မမက ဟိုဘက်လှည့်ခိုင်းပါတယ်။ လှည့်ပေးလိုက်ပါတယ်။
မမအ၀တ်လဲတယ်။ အ၀တ်လဲတယ်ဆိုပေမယ့် ရင်ရှားလေးတင်ပါ။ ခေါင်းက ဆံပင်က ဂုတ်ဝဲလေးဆိုပေမယ့်
တန်းမခြောက်တာရယ် အတွင်းခံဘာညာလည်း ပါသေးဟန်မတူပါဘူး။ ရေတွင်းက အိမ်နဲ့ မဝေးဘူးထင်လို့
မယူခ့ဟဲ န်လည်း တူပါတယ်။ တဘက်လေးခြုံပြီး အိမ်ဘက်ပြန်လာခဲ့ပါတယ်။ အတက်လမ်းမို့
သုံးလေးကြိမ်လောက် တွဲပေးယုံကလွဲရင် မမတက်လာနိုင်ပါတယ်။
အိမ်ကိုရောက်တော့ အမေက ချက်ပြုတ်နေပါပြီ။ မမက အ၀တ်လဲဖို့ အိမ်ပေါ်တက်သွားပါတယ်။
“ အန်တီ သမီး ကျောက်ပြင်သနပ်ခါး သုံးလို့ရမလားရှင့် ” လို့ အပေါ်ထပ်ကနေ အော်မေးတယ်။
သမီးဆိုတာလေးကို ဘာရယ်မဟုတ်ဘူး ရင်ခုန်သွားပါသေးတယ်။ တကယ် မမ
တော်လိုက်ရရင်ကောင်းမယ်လို့ တွေးလိုက်မိသလို ဒီလိုရွာလေးမှာ မြို့သူက နေနိုင်ပါ့မလား တို့စားသလို
စားနိုင်ပါ့မလားလို့ စိုးရံွ့ နေမိပြန်တော့တယ်။
“ သားရေ ကျောက်ပြင်န့သဲ နပ်ခါးယူ အပေါ်တက် သွေးပေးလိုက်စမ်း မင်းမမ ကို ” လို့ အမေက
ကျွန်တော့်ကို ခိုင်းပါတယ်။
အပေါ်ထပ်အခန်းကျယ်မှာတော့ အန်တီနဲ့ သူ့ညီမလေးအိပ်နေပါတယ်။ မမကတော့ အပေါ်ထပ်က
အခန်ကြီးရဲ့ခြေရင်း အခန်းငယ်ထဲက ကုတင်ပေါ်မှာ ပုဆစ်တုပ်လေးထိုင်လျက်ပါပဲ။
“ နေနေ မောင်လေး မမဘာသာ သွေးမယ် ”
ဘယ်ရမလဲ ကျွန်တော်သွေးကို သွေးမှရမယ်။ ကျွန်တော်ဇွတ်သွေးပေးပါတယ်။ မသွေးတတ်သွေးတတ်မို့
သနပ်ခါးတွေလိပ်ကုန်တယ်။ မမက အသာလေးဝိုက်သွေးဖို့ သင်ပေးပါတယ်။ ဒီလိုကျတော့လည်း မမက
ဆရာမလေးလို မျက်ဆံလေးဝင့် မျက်နှာလေးချီ မျက်ဝန်းလေးပင့် ရင်ခွင်ထဲတိုးဝင်ချင်စရာလေးဗျာ။
မောင်လေးလို့ ခေါ်လိုက်တာလေးကို အရမ်းကြည်နူးနေမိပါတယ်။ သနပ်ခါးကျောက်ပြင်ပြည့်ခါနီးတော့
မမက ဆင်းတော့လို့ပြောပါတယ်။ ကျွန်တော်လေ အချိုသာဆုံး မျက်နှာထားနဲ့ မမကို
တိုးတိုးလေးပြောမိတယ်။
“ မမ သနပ်ခါးလိမ်းတာ ထိုင်ကြည့်ချင်လို့ပါ ” လို့ ။ မမ တစ်ချက်တွေပြီး နှုတ်ခမ်းလေး တွန့်ပြုံးတယ်။
“ မျက်နှာလိမ်းပြီးရင် ပြန် ” တဲ့ ။
“ ဘာလို့လဲဗျ ” ဆိုတော့ “ ဘာလို့ဖြစ်ဖြစ် ” တဲ့။
ကျွန်တော်သိပါတယ်။ ခြေတွေလက်တွေ ပေါင်တွေပါ တစ်ကိုယ်လုံးလိမ်းမှာကိုး။
ပထမဆုံး မျက်နှာ တစ်ခုလုံးကို ပါးပါးလေးပွတ်တယ်။ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်ကို ပိုပြီး
ထူထူလေးပွတ်တယ်။ နှဖူးက ဆံစလေးတွေဆီမှာ သနပ်ခါးစလေးတွေကပ်တာကို မြင်ရတာ ရင်ထဲမှာ
တစ်မျိုးပဗျဲ။ သနပ်ခါးနဲ့ ဆံပင်ကြားမှာ ၀ါဝင်းတဲ့ အသားလေးက လင်းလက်နေတယ်။
အောက်ခံလိမ်းပြီးမှာတော့ နှာတံလေးကို အရင်ဆွဲပါတယ်။ ပါးနှစ်ဖက်ကိုတော့
ပါးကွက်ကွက်မယ်ထင်ထားတာ။ ၀ိုင်းလည်းမ၀ိုင်း ထောင့်လည်းမကျ ပဒါးလို့ခေါ်မလားပဲ။ ဖြစ်သလိုလည်း
ဆွဲလိမ်းလိုက်တယ်။ မေးစေ့မှာ တုံးလေးတင်တာလေးကလည်း ချစ်စရာလေးပဲ။ ဒီလိုတော့လည်း
ကလေးလေးလိုလိုပါပဲ။
မျက်နှာလိမ်းအပြီးမှာလည်း ဆက်ကြည့်ချင်ပေမယ့် သနပ်ခါးသွေးသံမကြားလို့
အမေအော်ခေါ်လိုက်တယ်ထင်တယ်။ ထမင်းအိုးငှဲ့ပေးဖို့ ဆင်းသွားရတယ်။
ထမင်းဟင်းအကျက်မှာတော့ မမက အိမ်ရှေ့  ကက္ကိုပင်ရင်းက ကွပ်ပျစ်လေးမှာ တင်ပလွဲလေးထိုင်ပြီး
ကျေးလက်ရှုခင်းကို ငေးနေပါတယ်။ ကျွန်တော်လည်း အမေ့အလစ်ချောင်းပြီး မမရှိရာ ကွပ်ပျစ်လေးဆီ
ခိုးပြေးလာခ့ပဲါတယ်။
ညနေ နွားရိုင်းသွင်းချိန်မို့ တောဆီက အလုပ်သိမ်းလာသူတွေကို ငေးရင်း မမတစ်ခုခုစဉ်းစားနေဟန်ရှိတယ်။
မမနားကို တိုးကပ်သွားပြီး သနပ်ခါးအဖွေးသားနဲ့ မမကို ငေးနေတယ်။ မမလက်ထဲမှာ
ယပ်တောင်လေးလည်း ကိုင်ထားတယ်။ မခြောက်သေးတဲ့ သနပ်ခါးနေရာလေးတွေကို
ယပ်ခတ်ရင်းအခြောက်ခံနေတယ်။
ကျွန်တော့်ကို ငှားပါလို့ တောင်းတော့ မမက ရှောရှောရှူရှူပဲ ပေးလိုက်တယ်။ တကယ်တော့
ယပ်တောင်ငှားတာ ကျွန်တော့်အတွက် မဟုတ်ပါဘူးဗျာ။ မမမျက်နှာလေးကိုပဲ ခတ်ပေးနေမိတယ်။
မမသိပ်ပျော်သွားတယ်ထင်ရတယ်။ ပြုံးပြုံလေးဖြစ်နေတယ်။
“ ကျေးဇူး ” တဲ့။
ထိုအချိန်မှာ မမနာမည်ရင်းကို ကျွန်တော်မမေးမိသလို၊ မမကလည်း ကျွန်တော့်နာမည်ကိုလည်း မမေးခဲ့ပါ။
မမမျက်နှာကလွဲလို့ ဘယ်မှ မကြည့်သလို၊ မမကလည်း လမ်းပေါ်မြင်ကွင်းမှလွဲ၍ ဘယ်မှ မကြည့်ခဲ့၊
ဘာမှလည်းမပြောခ့ပဲါ။
“ သားရေ ဧည့်သည်တွေဖို့ ထမင်းပွဲပြင်ကြအောင်ဟေ့ ” လို့ အမေ့အော်သံကြားလိုက်ရပြီး အိမ်ထဲကို
စိတ်မပါလက်မပါ ကျွန်တော်ပြန်ပြေးလိုက်ရပါတယ်။ မမကိုပါ အိမ်ထဲခေါ်သွားလိုပါသော်လည်း
အားစေးထည့်ထားသလို ပြောမထွက်ပါ။